RMIT ဗီယက်နမ် - အိမ်နီးချင်းနိုင်ငံက သြစတြေးလျ ဘွဲ့

RMIT ဗီယက်နမ် - အိမ်နီးချင်းနိုင်ငံက သြစတြေးလျ ဘွဲ့

  • 25/05/2025
  • 02:00pm - 05:00pm
  • Webinar link ရရှိဖို့ စာရင်းပေးသွင်းလိုက်ပါ
event header image

RMIT Vietnam မှ ကြိုဆိုပါတယ်

RMIT Vietnam က အာရှမှာရှိတဲ့ RMIT campus တွေထဲမှာ အကြီးဆုံးဖြစ်ပြီး Hanoi နဲ့ Ho Chi Minh မြို့ ၂ မြို့ မှာ တည်ရှိပါတယ်။ RMIT Vietnam မှာ ဩစတြေးလျနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် ၁၀ ကျောင်းထဲက တစ်ကျောင်းကနေ အဆင့်မြင့်ပညာရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။ အာရှဒေသတွင်း ဘေးကင်းလုံခြုံတဲ့ နိုင်ငံတစ်ခုမှာ လူဦးရေတိုးများလာတဲ့ မြန်မာအသိုင်းအဝိုင်းထဲ ဝင်ဆံ့ရင်း စာသင်ရမှာပါ။ ပိုမိုသိရှိနိုင်ဖို့ တစ်နာရီစာ webinar မှာ ပါဝင်နားဆင်လိုက်ပါ။

၁။ ဟောပြောပွဲ အကြောင်းအရာများ

  • RMIT Vietnam အကြောင်းအပြင် Bachelor ဘွဲ့ programs များ၊ Foundation Studies program နှင့် အင်္ဂလိပ်စာ programs များ၊ ကျောင်းသားဆိုင်ရာ ဝန်ဆောင်မှုများ ကိုပိုမိုလေ့လာနိုင်ခြင်း၊ နိုင်ငံပေါင်း (၃၅) နိုင်ငံကျော်မှာရှိတဲ့ တွဲဖက်တက္ကသိုလ်ပေါင်း (၂၀၀) ကျော် သို့ ကာလတိုပြောင်းတက်ခြင်း (exchange) အကြောင်းရှင်းပြခြင်း။
  • RMIT ၏ ကျောင်းဝင်ခွင့် လျှောက်ထားရာတွင် လိုအပ်‌သော အချက်များ၊ ကျောင်းဝင်ခွင့်လျှောက်ခြင်း ရဲ့ process များနှင့် ပညာသင်ဆု အစီအစဉ်များကို ရှင်းပြခြင်း။
  • သိလိုသော မေးခွန်းများအတွက် အဖြေသိရဖို့ RMIT နှင့် MaxiMax ရဲ့ ကိုယ်စားလှယ်များထံမှ ရှင်းလင်းပြောဆိုခြင်း

ပါဝင်ဟောပြောမည့် guest speakers များ

Dr Joshua Dwight

ယာယီတွဲဖက်ပရိုဂရမ်မန်နေဂျာ၊ IT နှင့် SE ၊ သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာကျောင်း၊ RMIT တက္ကသိုလ်၊ ဗီယက်နမ

Ha Tran

နိုင်ငံတကာကျောင်းသား ကျောင်းအပ်လက်ခံရေးဆိုင်ရာ မန်နေဂ

Aung Su Pyae

အောင်ဆုပြည့် - သတင်းအချက်အလက်နှင့်နည်းပညာမေဂျာကျောင်းသား (International Excellent ပညာသင်ဆုရှင်)

Min Khant

၂ - မင်းခန့် - စီးပွားရေးမေဂျာကျောင်းသာ

MaxiMax agency

မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့၏ အသိအမှတ်ပြုအေဂျင်စီများထဲမှ တစ်ခုဖြစ်သော MaxiMax မှ အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ကျင်းပပေးမည်။

ယခုပင် စာရင်းသွင်းပါ

၂။ RMIT Vietnam ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?

photo collage
  • နိုင်ငံတကာ အသိအမှတ်ပြု RMIT မဲလ်ဘုန်း ၊ ဩစတြေးလျဘွဲ့
  • မျိုးစုံသော ဘွဲ့ပရိုဂရမ်များနှင့်ပညာရေးလမ်းကြောင်းများ
  • ဗီယက်နမ်ကျောင်းလခအတိုင်း နိုင်ငံပေါင်း ၃၅ နိုင်ငံကျော်သို့ ကာလတိုပြောင်းတက်နိုင်ခြင်း
  • ဗီယက်နမ်နိုင်ငံအတွင်း တွဲဖက်ပါတနာပေါင်း ၂၀၀၀ ကျော် ရှိခြင်း
  • လူဦးရေတိုးများလာသော မြန်မာကျောင်းသားအသိုင်းအဝိုင်း
  • နိုင်ငံတကာကျောင်းသားများအတွက် အဖက်ဖက်မှ ကူညီထောက်ပံ့ပေးခြင်း

၃။ RMIT တွင်ရှိသော မြန်မာကျောင်းသားအသိုင်းအဝိုင်းနှင့် တွေ့ဆုံခြင်း

ရဲသူအောင် - Student, Bachelor of IT

RMIT မှာကျောင်းတတ်ရတဲ့အတွေ့အကြုံက တော်တော်လေးကောင်းတယ်လို့ပြောရမယ်။ IT သင်ရိုးတွေအကုန်ကလဲ up to date ဖြစ်ပြီးတော့ လိုအပ်တဲ့ facility တွေလဲ ပြည့်ပြည့်စုံစုံရှိတယ်။ သင်တဲ့ ဆရာတွေကလဲ industrial အတွေ့အကြုံရှိတဲ့သူတွေများပါတယ်။ နောက်တစ်ခုက စာမေးပွဲပဲ မဟုတ်ဘဲနဲ့ hands-on project တွေလုပ်ရတဲ့အတွက် လုပ်ငန်းခွင်ဝင်တဲ့အခါ အများကြီးအထောက်အကူဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကိုယ်ရွေးချယ်တဲ့ career အတွက်အကောင်းဆုံးပြင်ဆင်နိုင်မယ်လို့ ယုံကြည်ပါတယ်ဗျ။

အောင်မြတ်ကျော် - Student, Foundation Studies

RMIT ကို မြန်မာနိုင်ငံကနေ လေယာဉ်ခရီးစဉ်တိုဖြင့် လာရောက်နိုင်တဲ့အပြင် လက်တွေ့ကျတဲ့သင်ယူခြင်းကို အဓိကထားပြီး ထိပ်တန်းပညာရေးဖြစ်တဲ့ဩစတြေးလျဘွဲ့ကိုထောက်ပံ့ထားပါတယ်။ မြန်မာကျောင်းသားအများကြီးရှိတဲ့အပြင် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အမြဲဂရုစိုက်ကြတဲ့အတွက် အရာရာတိုင်းက ပိုပြီးသက်သောင့်သက်သာနဲ့ပျော်ရွှင်ဖွယ်ရာဖြစ်စေပါတယ်။

ဖြူဖြူရှင်းသန့် - Student, Bachelor of IT

RMIT ဗီယက်နမ်မှာလာပြီးတော့တက်ရတာ ကျွန်မမျှော်လင့်ထားတာထက်ပိုကောင်းပြီးတော့ ကမ္ဘာ့အဆင့်မီထိပ်တန်းပညာရေးကို ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံမှာတင်ရရှိနိုင်တာပဲဖြစ်ပါတယ်။ IT မေဂျာကိုလေ့လာနေပြီး Web Programming Bootcamp လိုဘာသာရပ်မျိုးတွေကိုနှစ်သက်ပါတယ်။ လက်တွေ့ကျတဲ့ပရောဂျက်တွေကိုသင်ယူလေ့လာပြီး ပြန်လည်အသုံးဝင်တဲ့ အရာတွေကို ဖန်တီးနိုင်တဲ့အတွက် ဒီဘာသာရပ်က ကျွန်မ အကြိုက်ဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။

ကျော်အောင် - Alumnus, MBA

Hanoi က နေထိုင်စရိတ် သက်သာတယ်၊ လှတယ်၊ ရှေးဟောင်းဆန်ပြီး ယဉ်ကျေးမှုထွန်းကားတဲ့ မြို့တစ်မြို့ပါ။ RMIT Hanoi ကျောင်းဝင်းက Hanoi မြို့အလယ်မှာရှိပြီးတော့ စားသောက်ဆိုင်အများကြီး၊ ဈေးဝယ်စင်တာအများကြီးနဲ့ နီးပါတယ်။ ကျောင်းမှာ ခေတ်မီသင်ထောက်ကူပစ္စည်းတွေ၊ အရည်အသွေးမြင့် ပညာရေး၊ ကိုယ့်တိုးတက်ရာရှာဖွေရေးနဲ့ ကျောင်းသားရေးရာ ပံ့ပိုးဝန်ဆောင်မှုတွေ ရှိပါတယ်။ RMIT မှာ စာသင်ချင်တဲ့ မြန်မာကျောင်းသားများအတွက် ကျွန်တော် ပြောနိုင်တာကတော့ ပိုအဆင့်မြင့်တဲ့ ပညာရေးအတွက်ဆို ဒီကျောင်းက အကောင်းဆုံးရွေးချယ်စရာပါပဲ။

နော်ဂလိုးရီယာထူ - Student, Bachelor of Aviation

အရှေ့တောင်အာရှမှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေအကြောင်း ကျွန်မ ပထမဆုံး လေ့လာကြည့်တဲ့အခါ RMIT က အမြဲထိပ်ဆုံးကပါပဲ။ RMIT မှာရှိတဲ့ Foundation Studies က ဩစတြေးလျနိုင်ငံရဲ့ ၁၂ တန်းစာ စံနှုန်းနဲ့ နှိုင်းယှဉ်လို့ရတဲ့ သင်ရိုးနဲ့ သင်ပေးတာပါ။ ကျွန်မအတွက်ကတော့ တကယ့် တက္ကသိုလ်ကျောင်းမတက်ခင် ကြိုတင်ပြင်ဆင်ဖို့ ပြီးပြည့်စုံတဲ့ program တစ်ခုပါပဲ။

ဆုသီရိစိုး - Alumnus, Bachelor of Business

ကျွန်မ RMIT Vietnam ကို ရွေးချယ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ မတူညီတဲ့ နယ်ပယ်တွေမှာ ကျောင်းသားဟောင်းတွေရဲ့ အောင်မြင်မှုအကြောင်း ကြားသိရတာရယ်၊ ဒီနေ့ခေတ် အလုပ်ခွင်မှာ လိုအပ်နေတဲ့အရာတွေနဲ့ သင်ပေးတဲ့အရာတွေက အံ့ဝင်ခွင်ကျဖြစ်နေတာရယ်ကြောင့်ပါ။ ကျွန်မလည်း စစ်မှန်တဲ့ RMIT ကျောင်းသားဘဝကို အပြည့်အဝ ခံစားကြည့်ချင်တယ်။ ကျွန်မက မြန်မာနိုင်ငံရဲ့ အစိုးရကျောင်းမှာ နဂိုက စာသင်ခဲ့ပေမယ့် RMIT မှာ စာသင်ဖို့ အလိုက်သင့်အပြောင်းအလဲလုပ်ရတာ အဆင်ပြေချောမွေ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာ စာသင်တဲ့စနစ်၊ ကျောင်းသင်ထောက်ကူပစ္စည်းတွေနဲ့ ကျွန်မတို့ အကျွမ်းတဝင်ရှိလာအောင် အလုပ်ရုံဆွေးနွေးပွဲတွေ၊ webinar တွေ အပါအဝင် ပညာရေးအောင်မြင်ဖို့အတွက် အရင်းအမြစ်အားလုံးကို ကျောင်းက ကျောင်းသားတွေဆီ ပေးတာကြောင့်ပါ။

စောယုဇင် - Alumnus, MBA

RMIT Vietnam မှာ ကျွန်မ ကျောင်းတက်တဲ့ ကာလက တကယ်ပဲ ခက်ခဲခဲ့ပေမယ့် အလုပ်ခွင်ထဲမှာ အထူးသဖြင့် ဘာသာစကားအစုံ ပြောကြတဲ့ အသိုင်းအဝိုင်းထဲမှာ ပညာရှင်ပီသအောင် ဘယ်လိုနေရမလဲဆိုတာကို အဲဒီအခက်အခဲက သင်ပေးခဲ့တယ်။ စာတွေ့လက်တွေ့ အသိပညာတွေ ကျွန်မ ရခဲ့ပါတယ်။ ဒါကြောင့် အနာဂတ် အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီး ဒီ Master အတန်းကနေ သင်ယူရရှိခဲ့တာတွေနဲ့အတူ ကျွန်မ အခု ပိုပြီး ယုံကြည်ချက် ရှိလာတယ်။ နောက်ပြီး RMIT တက္ကသိုလ်က ကျွန်မသူငယ်ချင်းတွေ၊ ဝန်ထမ်းတွေအားလုံးရဲ့ ရက်ရောမှုကြောင့် ဗီယက်နမ်မှာနေရတာ အိမ်မှာနေရသလိုမျိုး အမြဲခံစားရတယ်။
17

ပရိုဂရမ်များ

* Major nine (9) ခု ထဲကနေ ရွေးချယ်ပါ:  Blockchain Enabled Business, Business and Technology, Economics, Finance, Global Business, Innovation and Enterprise, Logistics and Supply Chain, Management and Change, People and Organisation

* Minor eight (8) ခု ထဲကနေ ရွေးချယ်ပါ: Artificial Intelligence and Machine Learning, Data Science, Cloud Computing, Enterprise Systems Development, Cyber Assurance, Creative Computing, Entrepreneurship, Blockchain Enabled Business

Foundation Studies program – တက္ကသိုလ်တက်လှမ်းဖို့ အပိုအလိုမရှိသော စာသင်ရေး လမ်းကြောင်းတစ်ခု

students myanmar 2024

ဩစတြေးလျနိုင်ငံရဲ့ ၁၂တန်းစာ စံနှုန်းနှင့် နှိုင်းယှဉ်လို့ရတဲ့၍ရသော သင်ရိုးဖြင့် သင့်စိတ်ဝင်စားမှု၊ ပညာရေး ရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ ဘာသာရပ်များကို သင်ယူရမှာဖြစ်ပါတယ်။ အနာဂတ် ပညာရေး အောင်မြင်မှုအတွက် သင် လိုအပ်တဲ့ အသိပညာ၊ ကျွမ်းကျင်မှုများနှင့် မိမိကိုယ်ကိုယုံကြည်မှု ရရှိလာမှာပါ။

  • ကျောင်းအပ်လက်ခံသည့်လ - ဖေဖော်ဝါရီနှင့် ဩဂုတ်
  • ကာလ - ၁နှစ် (စာသင်နှစ်ဝက် ၂ကြိမ်)

ပညာရေးလမ်းကြောင်း ၂ခု-

Semester 1

  • Exploring Narratives
  • Foundation Accounting
  • Law and Society
  • Statistics and Probability

Semester 2

  • Comparative Texts
  • Principles of Economics

အောက်ပါဘာသာရပ်နှစ်ခုနှင့်အတူ

  • Data Analytics
  • Marketing and Communication
  • Global Studies: Relationships and Trade 
  • Introduction to Software Development

* မှတ်ချက် : ကမ်းလှမ်း မည့် ဘာသာရပ် များ ကို အစီအစဉ် စတင် ခြင်း မတိုင်မီ ဆုံးဖြတ်ရပါလိမ့်မည် ။

Semester 1

  • Exploring Narratives
  • Fundamentals of Visual Communication
  • Materials and Design
  • Drawing and Studio Practice

Semester 2

  • Comparative Texts
  • Studio Investigation

အောက်ပါဘာသာရပ်နှစ်ခုနှင့်အတူ

  • Multimedia
  • Media: Power and Persuasion
  • Creative Narratives
  • Marketing and Communication

* မှတ်ချက် : ကမ်းလှမ်း မည့် ဘာသာရပ် များ ကို အစီအစဉ် စတင် ခြင်း မတိုင်မီ ဆုံးဖြတ်ရပါလိမ့်မည် ။

Semester 1

  • Exploring Narratives
  • Global Studies: Relationships and Trade
  • Law and Society
  • Media: Power and Persuasion

Semester 2

  • Comparative Texts
  • Creative Narratives

အောက်ပါဘာသာရပ်နှစ်ခုနှင့်အတူ

  • Multimedia
  • Psychology
  • Data Analytics
  • Marketing and Communication

* မှတ်ချက် : ကမ်းလှမ်း မည့် ဘာသာရပ် များ ကို အစီအစဉ် စတင် ခြင်း မတိုင်မီ ဆုံးဖြတ်ရပါလိမ့်မည် ။

Semester 1

  • Exploring Narratives
  • General Mathematics
  • Data Analytics
  • Statistics and Probability

Semester 2

  • Comparative Texts
  • Introduction to Software Development

အောက်ပါဘာသာရပ်နှစ်ခုနှင့်အတူ

  • Multimedia
  • Psychology
  • Media: Power and Persuasion
  • Advanced Mathematics

* မှတ်ချက် : ကမ်းလှမ်း မည့် ဘာသာရပ် များ ကို အစီအစဉ် စတင် ခြင်း မတိုင်မီ ဆုံးဖြတ်ရပါလိမ့်မည် ။

ဝင်ခွင့်အတွက် လိုအပ်ချက်များ

  • လိုအပ်တဲ့ ပညာအရည်အချင်း - အခြေခံအထက်တန်းကျောင်း စာမေးပွဲ/တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ အနည်းဆုံးပျမ်းမျှ ၅၀ရာခိုင်နှုန်းဖြင့် အောင်ရမည် (၆ဘာသာ အမှတ် ၁၀၀ထဲမှ ၄၀ရပြီး။
  • လိုအပ်တဲ့ အင်္ဂလိပ်စာအရည်အချင်း - IELTS (Academic) ၅.၅ မှတ် (အမှတ် ၅.၀ အောက် မကျရပါ) ဒါမှမဟုတ် ၎င်းနှင့်အလားတူ အမှတ် 

ပညာသင်ဆု အခွင့်အလမ်းများ

  • Foundation Studies ပညာသင်ဆု (ကျောင်းလခ ၅၀ရာခိုင်နှုန်း)
  • International Excellence ပညာသင် (Undergraduate program များအတွက် ကျောင်းလခ ၂၅-၅၀ ရာခိုင်နှုန်)

ကျောင်းသူကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကိုလေ့လာကြရအောင်

hanoi-building-1920x1100.jpg