RMIT – “ဩစတြေးလျနိုင်ငံကဘွဲ့ကို ဗီယက်နမ်မှာ ရယူနိုင်မယ့် အခွင့်အရေး"

RMIT University Vietnam မှ ကြိုဆိုပါတယ်

RMIT University Vietnam က အာရှမှာရှိတဲ့ RMIT campus တွေထဲမှာ အကြီးဆုံးဖြစ်ပြီး Hanoi နဲ့ Ho Chi Minh မြို့  ၂ မြို့ မှာ တည်ရှိပါတယ်။

RMIT မှာဩတေးလျနိုင်ငံရဲ့ Top-10 ထိပ်တန်းတက္ကသိုလ် ကျောင်းတစ်ကျောင်းဖြစ်ပြီးအဆင့်မြင့်ပညာရေးကိုသင်ယူနိုင်မှာဖြစ်ပါတယ်။ အာရှနိုင်ငံတွင်းဘေးကင်းလုံခြုံတဲ့နိုင်ငံတစ်ခုမှာလူဦးရေများပြားလာတဲ့မြန်မာကျောင်းသားများနဲ့အတူသင်ယူရမှာပါ။

From Myanmar to Vietnam: Our study abroad journey thumbnail image.

ယခုပင် စာရင်းသွင်းပါ

RMIT Vietnam ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?

RMIT မှာဩတေးလျနိုင်ငံရဲ့ Top-10 ထိပ်တန်းတက္ကသိုလ် ကျောင်းတစ်ကျောင်းဖြစ်ပြီးအဆင့်မြင့်ပညာရေး

Business, Creative & Communication မှသည် Science, Engineering & Technology အထိ ရွေးချယ်စရာ မတူကွဲပြားစုံလင်သည့် bachelor program များနှင့် အထူးပြုဘာသာရပ်ယူနိုင်သည့် လမ်းကြောင်းများစွာရှိခြင်း

ဗီယက်နမ်ကျောင်းစရိတ်ဖြင့် Global Experience program မှတဆင့် နိုင်ငံပေါင်း ၃၆နိုင်ငံ သို့မဟုတ် Melbourne မြို့ရှိ ကျောင်းတွင် ကာလတို ကျောင်းတက်နိုင်ခြင်း (exchange)

ဗီယက်နမ်နှင့် ဒေသတွင်းရှိ ကျွန်ုပ်တို့၏ corporate partner ၂၀၀၀ ကျော် နှင့်အတူ သင့် အသက်မွေးဝမ်းကျောင်းအတွက် အလားအလာကောင်းများကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနိုင်ခြင်း

ဗီယက်နမ်ရှိ အကြီးဆုံး နိုင်ငံတကာ တက္ကသိုလ် အဝန်းအဝိုင်းထဲတွင် စာသင်ရခြင်း

ပညာရေးမှသည် လူနေမှုဘဝနှင့် ကျန်းမာပျော်ရွှင်ရေးအထိ နိုင်ငံတကာ ကျောင်းသားများအတွက် ကူညီပံ့ပိုးမှုကို ရရှိခြင်း

Foundation Studies program – တက္ကသိုလ်တက်လှမ်းဖို့ အပိုအလိုမရှိသော စာသင်ရေး လမ်းကြောင်းတစ်ခု

students myanmar 2024

ဩစတြေးလျနိုင်ငံရဲ့ ၁၂တန်းစာ စံနှုန်းနှင့် နှိုင်းယှဉ်လို့ရတဲ့၍ရသော သင်ရိုးဖြင့် သင့်စိတ်ဝင်စားမှု၊ ပညာရေး ရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ ဘာသာရပ်များကို သင်ယူရမှာဖြစ်ပါတယ်။ အနာဂတ် ပညာရေး အောင်မြင်မှုအတွက် သင် လိုအပ်တဲ့ အသိပညာ၊ ကျွမ်းကျင်မှုများနှင့် မိမိကိုယ်ကိုယုံကြည်မှု ရရှိလာမှာပါ။

  • ကျောင်းအပ်လက်ခံသည့်လ - ဖေဖော်ဝါရီနှင့် ဩဂုတ်
  • ကာလ - ၁နှစ် (စာသင်နှစ်ဝက် ၂ကြိမ်)
  • ပညာရေးလမ်းကြောင်း ၂ခု-

Semester 1

  • Exploring Narratives
  • Foundation Accounting
  • Law and Society
  • Statistics and Probability

Semester 2

  • Comparative Texts
  • Principles of Economics

အောက်ပါဘာသာရပ်နှစ်ခုနှင့်အတူ

  • Data Analytics
  • Marketing and Communication
  • Global Studies: Relationships and Trade 
  • Introduction to Software Development

* မှတ်ချက် : ကမ်းလှမ်း မည့် ဘာသာရပ် များ ကို အစီအစဉ် စတင် ခြင်း မတိုင်မီ ဆုံးဖြတ်ရပါလိမ့်မည် ။

Semester 1

  • Exploring Narratives
  • Fundamentals of Visual Communication
  • Materials and Design
  • Drawing and Studio Practice

Semester 2

  • Comparative Texts
  • Studio Investigation

အောက်ပါဘာသာရပ်နှစ်ခုနှင့်အတူ

  • Multimedia
  • Media: Power and Persuasion
  • Creative Narratives
  • Marketing and Communication

* မှတ်ချက် : ကမ်းလှမ်း မည့် ဘာသာရပ် များ ကို အစီအစဉ် စတင် ခြင်း မတိုင်မီ ဆုံးဖြတ်ရပါလိမ့်မည် ။

Semester 1

  • Exploring Narratives
  • Global Studies: Relationships and Trade
  • Law and Society
  • Media: Power and Persuasion

Semester 2

  • Comparative Texts
  • Creative Narratives

အောက်ပါဘာသာရပ်နှစ်ခုနှင့်အတူ

  • Multimedia
  • Psychology
  • Data Analytics
  • Marketing and Communication

* မှတ်ချက် : ကမ်းလှမ်း မည့် ဘာသာရပ် များ ကို အစီအစဉ် စတင် ခြင်း မတိုင်မီ ဆုံးဖြတ်ရပါလိမ့်မည် ။

Semester 1

  • Exploring Narratives
  • General Mathematics
  • Data Analytics
  • Statistics and Probability

Semester 2

  • Comparative Texts
  • Introduction to Software Development

အောက်ပါဘာသာရပ်နှစ်ခုနှင့်အတူ

  • Multimedia
  • Psychology
  • Media: Power and Persuasion
  • Advanced Mathematics

* မှတ်ချက် : ကမ်းလှမ်း မည့် ဘာသာရပ် များ ကို အစီအစဉ် စတင် ခြင်း မတိုင်မီ ဆုံးဖြတ်ရပါလိမ့်မည် ။

Semester 1

  • Exploring Narratives
  • Advanced Mathematics
  • Chemistry
  • Physics

Semester 2

  • Comparative Texts
  • Applied Mathematics: Engineering and Science

အောက်ပါဘာသာရပ်နှစ်ခုနှင့်အတူ

  • Statistics and Probability
  • Psychology
  • Data Analytics
  • Biology

* မှတ်ချက် : ကမ်းလှမ်း မည့် ဘာသာရပ် များ ကို အစီအစဉ် စတင် ခြင်း မတိုင်မီ ဆုံးဖြတ်ရပါလိမ့်မည် ။

ဝင်ခွင့်အတွက် လိုအပ်ချက်မျာ

  • လိုအပ်တဲ့ ပညာအရည်အချင်း - အခြေခံအထက်တန်းကျောင်း စာမေးပွဲ/တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ အနည်းဆုံးပျမ်းမျှ ၅၀ရာခိုင်နှုန်းဖြင့် အောင်ရမည် (၆ဘာသာ အမှတ် ၁၀၀ထဲမှ ၄၀ရပြီး အောင်ရမည်)
  • လိုအပ်တဲ့ အင်္ဂလိပ်စာအရည်အချင်း - IELTS (Academic) ၅.၅ မှတ် (အမှတ် ၅.၀ အောက် မကျရပါ) ဒါမှမဟုတ် ၎င်းနှင့်အလားတူ အမှတ်

ပညာသင်ဆု အခွင့်အလမ်းများ

  • Foundation Studies program ပညာသင်ဆု (ကျောင်းလခ ၅၀ရာခိုင်နှုန်း လျှော့ပေးခြင်း)
  • International Excellence ပညာသင်ဆု (Undergraduate program များအတွက် ကျောင်းလခ ၂၅-၅၀ ရာခိုင်နှုန်း လျှော့ပေးခြင်း)
  • Postgraduate scholarships (Postgraduate program များအတွက် ကျောင်းလခ ၅၀ ရာခိုင်နှုန်)

RMIT တွင်ရှိသော မြန်မာကျောင်းသားအသိုင်းအဝိုင်းနှင့် တွေ့ဆုံခြင်း

နန်းသီရိလင်း - Foundation Studies တက်နေသော ကျောင်းသူ

Hanoi ရဲ့ ယဉ်ကျေးမှုက မြန်မာနဲ့ မကွာဘူးလို့ ကျွန်မခံစားမိတယ်။ အခြားအရှေ့တောင်အာရှနိုင်ငံတွေနဲ့ ယှဉ်ရင် နေထိုင်စရိတ်က အတော်လေး သက်သာပါတယ်။ ဒါ့အပြင် RMIT Vietnam က ဩစတြေးလျကျောင်းသင်ရိုးအတိုင်း သင်ပေးတာပါ။ နိုင်ငံခြားမှာ သက်သာတဲ့ဈေးနှုန်းနဲ့ ဘေးကင်းတဲ့ပတ်ဝန်းကျင်ရှိတဲ့ ကျောင်းတက်ဖို့ စီစဉ်နေတဲ့သူတွေကို RMIT Vietnam မှာတက်ဖို့ ကျွန်မ အကြံပေးပါရစေ။ ကျောင်းက တကယ် အကောင်းဆုံးပါပဲ။

နော်ဂလိုးရီယာထူး - Foundation Studies တက်နေသော ကျောင်းသူ

အရှေ့တောင်အာရှမှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေအကြောင်း ကျွန်မ ပထမဆုံး လေ့လာကြည့်တဲ့အခါ RMIT က အမြဲထိပ်ဆုံးကပါပဲ။ RMIT မှာရှိတဲ့ Foundation Studies က ဩစတြေးလျနိုင်ငံရဲ့ ၁၂ တန်းစာ စံနှုန်းနဲ့ နှိုင်းယှဉ်လို့ရတဲ့ သင်ရိုးနဲ့ သင်ပေးတာပါ။ ကျွန်မအတွက်ကတော့ တကယ့် တက္ကသိုလ်ကျောင်းမတက်ခင် ကြိုတင်ပြင်ဆင်ဖို့ ပြီးပြည့်စုံတဲ့ program တစ်ခုပါပဲ။

ကျော်အောင် - MBA ကျောင်းသားဟောင်း

Hanoi က နေထိုင်စရိတ် သက်သာတယ်၊ လှတယ်၊ ရှေးဟောင်းဆန်ပြီး ယဉ်ကျေးမှုထွန်းကားတဲ့ မြို့တစ်မြို့ပါ။ RMIT Hanoi ကျောင်းဝင်းက Hanoi မြို့အလယ်မှာရှိပြီးတော့ စားသောက်ဆိုင်အများကြီး၊ ဈေးဝယ်စင်တာအများကြီးနဲ့ နီးပါတယ်။ ကျောင်းမှာ ခေတ်မီသင်ထောက်ကူပစ္စည်းတွေ၊ အရည်အသွေးမြင့် ပညာရေး၊ ကိုယ့်တိုးတက်ရာရှာဖွေရေးနဲ့ ကျောင်းသားရေးရာ ပံ့ပိုးဝန်ဆောင်မှုတွေ ရှိပါတယ်။ RMIT မှာ စာသင်ချင်တဲ့ မြန်မာကျောင်းသားများအတွက် ကျွန်တော် ပြောနိုင်တာကတော့ ပိုအဆင့်မြင့်တဲ့ ပညာရေးအတွက်ဆို ဒီကျောင်းက အကောင်းဆုံးရွေးချယ်စရာပါပဲ။

ဆုသီရိစိုး - Bachelor of Business

ကျွန်မ RMIT Vietnam ကို ရွေးချယ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ မတူညီတဲ့ နယ်ပယ်တွေမှာ ကျောင်းသားဟောင်းတွေရဲ့ အောင်မြင်မှုအကြောင်း ကြားသိရတာရယ်၊ ဒီနေ့ခေတ် အလုပ်ခွင်မှာ လိုအပ်နေတဲ့အရာတွေနဲ့ သင်ပေးတဲ့အရာတွေက အံ့ဝင်ခွင်ကျဖြစ်နေတာရယ်ကြောင့်ပါ။ ကျွန်မလည်း စစ်မှန်တဲ့ RMIT ကျောင်းသားဘဝကို အပြည့်အဝ ခံစားကြည့်ချင်တယ်။

စောယုဇင် - MBA ကျောင်းသူ

RMIT Vietnam မှာ ကျွန်မ ကျောင်းတက်တဲ့ ကာလက တကယ်ပဲ ခက်ခဲခဲ့ပေမယ့် အလုပ်ခွင်ထဲမှာ အထူးသဖြင့် ဘာသာစကားအစုံ ပြောကြတဲ့ အသိုင်းအဝိုင်းထဲမှာ ပညာရှင်ပီသအောင် ဘယ်လိုနေရမလဲဆိုတာကို အဲဒီအခက်အခဲက သင်ပေးခဲ့တယ်။ စာတွေ့လက်တွေ့ အသိပညာတွေ ကျွန်မ ရခဲ့ပါတယ်။ ဒါကြောင့် အနာဂတ် အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီး ဒီ Master အတန်းကနေ သင်ယူရရှိခဲ့တာတွေနဲ့အတူ ကျွန်မ အခု ပိုပြီး ယုံကြည်ချက် ရှိလာတယ်။ နောက်ပြီး RMIT တက္ကသိုလ်က ကျွန်မသူငယ်ချင်းတွေ၊ ဝန်ထမ်းတွေအားလုံးရဲ့ ရက်ရောမှုကြောင့် ဗီယက်နမ်မှာနေရတာ အိမ်မှာနေရသလိုမျိုး အမြဲခံစားရတယ်။
15
hanoi-building-1920x1100.jpg